မြိတ် ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲ ရတနာခန်းမ၌ မြိတ်မြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေပေးအပ်ခြင်းနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများ ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက်သည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းအတွင်းရှိ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပေါင်းစပ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ အေးချမ်းသာယာရေး လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြိတ် မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေကျပ် သိန်း ၇၀ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး သုံးဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူအား ပညာရည်ချွန်ဆု ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးသယံဇာတရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွန်းတို့က ထူးချွန်စွာအောင်မြင်ခဲ့ သူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။

ခိုင်ထူး(ပြန်/ဆက်)