ကော့သောင်း ဩဂုတ် ၂၁

တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင်  ပင်လယ် ပြင် ခရီးသွားသူများ ဘေး အန္တရာယ်ကင်းစွာ ခရီးသွားလာ နိုင်ရေးအတွက် အသက်ကယ် အင်္ကျီ ဝတ်ဆင်စေရေး ကြပ်မတ် ခြင်းကို ဩဂုတ် ၁၈ ရက် နံနက် ပိုင်းက ကော့သောင်းကမ်းနားရှိ လှေဆိပ်၌ ဆောင်ရွက်သည်။

ထိုသို့ကြပ်မတ်ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် တာဝန်ရှိသူများက ပင်လယ်ရေကြောင်းဖြင့် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ခရီးသွားလာကြမည့် ပြည်သူများအား အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်စေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)