ဩဂုတ် ၂၂
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ကရာချိဆိပ်ကမ်းမြို့တွင် ယမန်နေ့က မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး ၃၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်ဆေးရုံတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးရုံအသီးသီးတွင်ကုသမှုခံယူလျက်ရှိကာ စိုးရိမ်ဖွယ်ရာအခြေအနေ ငါးဦးထက်မနည်းရှိသည်ဟု ဆေးရုံတာဝန်ရှိသူများက ဒေသတွင်းမီဒီယာကိုပြောကြားသည်။
မီးရှူးမီးပန်းများသိုလှောင်ရာတွင်အသုံးပြုသောကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရာ စက်ရုံ ဂိုဒေါင်အတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုမီးလောင်မှုကြောင့် ပေါက်ကွဲမှုကြီးဖြစ်ပွားကာ အနီးနားရှိ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ပျက်စီးမှုများပြား ခဲ့သည်။
မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ယာဉ် ၁၀ စီးထက်မနည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံပိုင်ကယ်ဆယ်ရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဟတ်ဆန်အူလ်ဟာခန်က ပြောကြားသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်ဟု ရဲတပ်ဖွဲ့ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


