မုံရွာ ဩဂုတ် ၂၂

 

မုံရွာမြို့ လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရေကန်မုခ်ဦး၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရှိ လွတ်လပ်ရေးရင်ပြင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားနှင့် ပြည်ထောင်စုရင်ပြင် မုခ်ဦးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား၍ ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်တည်းခိုရိပ်သာလုပ်ငန်းရှင်များက ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)