နောင်ချို ဩဂုတ် ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ပဏာမ ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အောက်ရှိ ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၀ ကို ပြန်လည်ဖွင့်လှစ်ထားပြီး အားဖြည့် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာ ရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကွင်းဆင်း၍ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ အသက်ငါးနှစ်အောက်နှင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သောနေရာများမှ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများ မရရှိခဲ့သည့် အသက် ၁၅ နှစ်အောက် ကလေးများကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ် ဆေးများအား အထူးအစီအစဉ် ဖြင့် ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities) အမီလိုက် (Big Catchup) နည်းလမ်းဖြင့် ထိုးနှံ တိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၂၂ ရက်အထိ နောင်ချိုမြို့ပေါ် နှင့် ကျေးရွာများရှိ ကျေးလက် ကျန်းမာရေးဌာနများတွင် ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၀၃၁ ဦးကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အသက် ငါးနှစ်အောက်နှင့် ကျောင်းနေ အရွယ် အသက် ၁၅ နှစ်အောက် ကလေး ၁၆၀၀ အား လိုအပ် သောကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


