အိမ်မဲ သြဂုတ် ၂၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် အိမ်မဲ မြို့နယ်တို့တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ တောင်သူများအား ဓာတ်မြေဩဇာများ ပေးအပ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြ မြို့နယ် ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေး စင်တာ၌ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများ အား သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား ပြီး တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်သည်။
အလားတူ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိ အားကစားခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက် ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြား ပြီး တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်သည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ နှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေ ဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးနိုင်ရေးစာချုပ်ချုပ်ဆိုမည့် အခြေအနေများ၊ e-ID စမတ်ကတ် ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု အားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို စိတ်ပါဝင်စားစွာ ဖြင့် စမ်းသပ်မဲပေး ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးပြီး တက်ရောက်လာသူများ လက်တွေ့ စမ်းသပ်မဲပေးခြင်းများ စနစ်တကျ ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


