ပရီမီယာလိဂ်ပွဲစဉ်(၂)ရဲ့ ဩဂုတ် ၂၃ ရက်ညပိုင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့      အာဆင်နယ်အသင်းနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းက  လိဒ်စ်ယူနိုက်တက်အသင်းကို ဂိုးပြတ် နိုင်ပွဲရရှိခဲ့ပါတယ်။

 

အာဆင်နယ်အသင်းနဲ့    လိဒ်စ်ယူနိုက်တက်အသင်းတို့ပွဲစဉ်မှာ   အာဆင်နယ်အသင်းက လိဒ်စ်ယူနိုက်တက်အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ၃၄ မိနစ်နဲ့ ၅၆ မိနစ်မှာ တင်ဘာက နှစ်ဂိုး၊ ၄၅ မိနစ်မှာ  ဆာကာက  တစ်ဂိုး၊ ၄၈ မိနစ်နဲ့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ငါးမိနစ်မှာရရှိခဲ့တဲ့  ပင်နယ်တီတို့မှာ ဂျိုကာရက်စ်က နှစ်ဂိုးအသီးသီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ   အာဆင်နယ်အသင်းအတွက် သွင်းဂိုးနှစ်ဂိုး    သွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူး ဂျိုကာရက်စ်ဟာ ယခုအပြောင်းအရွှေ့ကာလအတွင်းမှာ အာဆင်နယ်အသင်းက ခေါ်ယူခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းက  လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသက် ၁၅ နှစ် အရွယ် မက်ဒေါင်းမန်ဟာ အာဆင်နယ်အသင်းနဲ့အတူ ပထမဆုံးပွဲဦးထွက်ပွဲစဉ်ဖြစ်ပြီး   လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက တိုက်စစ်မှူးအက်ဇီကိုလည်း ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ နဲ့ ခေါ်ယူထားပြီးဖြစ် ကြောင်းလည်း အတိအလင်း ကြေညာခဲ့ပါတယ်။

 

အာဆင်နယ်အသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းကို   အနိုင်ရရှိခဲ့ပြီးနောက်  ပရီမီယာလိဂ် ပွဲစဉ်(၂)အပြီးမှာ  နှစ်ပွဲစလုံးအနိုင်ရရှိခဲ့မှုနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်အသင်းကတော့  အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် အဝေးကွင်း ၁၂ ပွဲမှာ ၁၀ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါ တယ်။

 

အခြားသော ပရီမီယာလိဂ်ပွဲစဉ်တွေမှာတော့ စပါးအသင်းက မန်ချက်စတာစီးတီးအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဘုန်းမောက်အသင်းက ဝုဗ်ဗာဟန်တမ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဘန်လေအသင်းက ဆန်းဒါးလန်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊  ဘရန့်ဖိုဒ်အသင်းက အက်စ်တွန်ဗီလာအသင်းကို တစ်ဂိုး-ဂိုးမရှိစသည့်ဖြင့် အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ငွေကြယ်