နေပြည်တော် ဩဂုတ် ၂၅

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ မြှင့်တင်ရေး၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်