ဘဂ္ဂဒက် ဩဂုတ် ၂၅
အမေရိကန်တပ်ဖွဲ့များသည် အီရတ်နိုင်ငံမှ ရုပ်သိမ်းရေးကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ဒေသန္တရမီဒီယာများက ဩဂုတ် ၂၄ ရက်တွင် ပြောကြားသည်။
အာရန် အယ်လ် အဆတ်စခန်းနှင့် ဗစ်တိုးရီးယား စခန်းများမှ အမေရိကန် တပ်ဖွဲ့ဝင်များသည် ရုပ်သိမ်းနေကြကြောင်း သိရသည်။ သို့ရာတွင် လုံခြုံရေးအခြေအနေအရ တပ်ဖွဲ့ဝင်အချို့သည် ကာဒတ်စတန်ဒေသ မြို့တော် အာဗေးတွင် ပြောင်းရွှေ့တပ်စွဲခဲ့ကြောင်း သိရသည်။
တပ်ဖွဲ့ဝင်များ ဆုတ်ခွာရေးအမိန့်ကို အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဆုတ်ခွာရေးလုပ်ငန်းများကို အဆင့်အလိုက် ဆောင်ရွက်နေကြောင်း အီရတ်တာဝန်ရှိသူများက ပြောကြားသည်။
ယခု အမေရိကန်တပ်ဖွဲ့၏ ဆောင်ရွက်ချက်သည် မကြာသေးမီက ရရှိခဲ့သည့်တပ်ဖွဲ့များ ရုပ်သိမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ အမေရိကန် ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ရေး အစီအစဉ်သည် ယခုနှစ် စက်တင်ဘာတွင် ပြီးစီးမည်ဟု အီရတ်ဝန်ကြီးချုပ်၏ လုံခြုံရေးအကြံပေး မိုဟာမက်ရှီယာ အယ်လ် ဆူဒါနီက ပြောကြားသည်။ အမေရိကန်နှင့်အီရတ် တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ က အီရတ်မှ မဟာမိတ်တပ်ဖွဲ့များ ရုပ်သိမ်းရေးအတွက် သဘောတူခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


