ပေါက်ခေါင်း ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric ကောက်ယူပြီး UID ထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်၍ UID Smart Card မပြုလုပ်ရသေးသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား Unique Identity ထုတ်ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)