ဩဂုတ် ၂၆

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း ကဂျိကိတိုက်ခတ်ခဲ့ရာ လေပြင်းများတိုက်ခတ်မှု၊ မိုးများသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် သုံးဦးထက်မနည်း သေဆုံးပြီး အခြား ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာက ယနေ့တွင် ပြောကြားသည်။

အဆိုပါမုန်တိုင်းကြောင့် ဘေးသင့်ပြည်နယ်များတွင် နေအိမ်အလုံးပေါင်း ၆၈၀၀ ကျော် ပျက်စီးကာ စပါးစိုက်ခင်းမြေ ဟက်တာ ၂၈၈၀၀ ကျော်၊  အခြားသီးနှံစိုက်ခင်းမြေဟက်တာ ၂၂၀၀ ရေနစ်မြုပ်ခဲ့ပြီး ပြိုကျသစ်ပင် ၁၈၀၀၀ နီးပါးရှိသည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

ထိုမုန်တိုင်းတိုက်ခတ်မှုတွင် လျှပ်စစ်ဓါတ်အားအခြေခံအဆောက်အအုံပျက်စီးခဲ့ပြီး ဓာတ်တိုင်ပေါင်း ၃၃၁ တိုင် လဲကျခဲ့ပြီး ဓါတ်အားသုံးစွဲသူ ၁ ဒသမ ၃ သန်းနီးပါး ဓါတ်အားပြတ်တောက်မှုနှင့်တွေ့ကြုံနေရကြောင်း ထပ်လောင်းဖော်ပြထားသည်။

ဒေသခံအာဏာပိုင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို