ရန်ကုန် ဩဂုတ် ၂၇
စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာယူ-၂၃ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှထိပ်သီး ဂျပန်အပါအဝင် ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
မြန်မာအသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ် ပွဲတွင် အုပ်စု (B) ၌ ကျရောက်နေပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ အုပ်စု (B) ပွဲစဉ်များအဖြစ် စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ကူဝိတ်အသင်း၊ ည ၇ နာရီတွင် ဂျပန်အသင်းနှင့် အာဖဂန်နစ္စတန် အသင်း၊ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် ဂျပန်အသင်း၊ ည ၇ နာရီတွင် အာဖဂန်နစ္စတန်အသင်းနှင့် ကူဝိတ်အသင်း၊ စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီတွင် မြန်မာအသင်းနှင့် အာဖဂန်နစ္စတန်အသင်း၊ ည ၇ နာရီတွင် ဂျပန်အသင်းနှင့် ကူဝိတ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းကို ဂျပန်နိုင်ငံသား ကူရိုဆာကီက နည်းပြချုပ် အဖြစ် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများသည် လက်ရှိတွင် ယင်းပြိုင်ပွဲ၌ ဆုတံဆိပ်များဆွတ်ခူးရရှိနိုင်ရေး စခန်းသွင်းလေ့ကျင့်လျက်ရှိကြသည်။
“ထိုင်းနိုင်ငံမှာကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှာ Event ကိုးမျိုး ကျင်းပမှာဖြစ်ပြီးတော့ ကျွန်တော်တို့ ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နေပြည်တော်မှာပဲ စခန်းသွင်းလေ့ကျင့်ပြီး ငလျင်ဘေးအန္တရာယ်ဖြစ်လာတဲ့အချိန်မှာ နေပြည်တော်ကနေ ရန်ကုန်ကိုပြောင်းပြီး လေ့ကျင့်နေပါတယ်။ နေပြည်တော် ကစားကွင်းတွေ ပြုပြင်ပြီးတာနဲ့ နေပြည်တော်မှာ ဆက်လေ့ကျင့်သွားမှာပါ”ဟု မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးထွဋ်ခိုင်ဝင်းက ပြောသည်။
အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား (ဆီးဂိမ်း)ပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အင်အားကြီး ထိုင်းအသင်းသည် ယခုနှစ်တွင် အိမ်ရှင်အသင်းဖြစ်၍ မြန်မာပိုက်ကျော် ခြင်းအားကစားအဖွဲ့အနေဖြင့် အိမ်ရှင်ထိုင်းအသင်းနှင့် အဓိကထားယှဉ်ပြိုင်၍ ဆုတံဆိပ်များ လုရမည်ဖြစ်သည်။ မြန်မာအသင်းသည် Event နှစ်မျိုး၊ သုံးမျိုးကို ရွှေမှန်းထားပြီး ကျန် Event များကို ဆုတံဆိပ်မလွတ်စေရန် ရည်မှန်းပြင်ဆင်ထားကြောင်းလည်း သိရသည်။
မြန်မာပိုက်ကျော်ခြင်းအားကစားသမားများသည် တစ်ပတ်လျှင် ငါးရက်လေ့ကျင့်လျက်ရှိပြီး ယင်းရက်များတွင် နံနက်ပိုင်း ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေပိုင်း ၃ နာရီခွဲမှ ၆ နာရီခွဲ အထိ တစ်ကြိမ်လေ့ကျင့်လျက်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား(ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း လက်ရွေးစင် အားကစားအဖွဲ့သည် နိုင်ငံအတွက် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် နှစ်ခုနှင့် ကြေးတံဆိပ်များ ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
အာကာစိုး


