ရွှေပြည်သာ  ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဦးက မူးယစ်ဆေးနှင့် လူငယ်များအကြောင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးကျော်သူထွေးက အမှိုက် သိမ်းဆည်းခြင်းနှင့် ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက်၊ အမှိုက် အမျိုးအစား လေးမျိုးခွဲခြားကာ စနစ်တကျ စွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းမှ ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား အမှိုက်အမျိုးအစား လေးမျိုးခွဲခြားကာ စနစ်တကျစွန့်ပစ်ခြင်း လက်တွေ့ သရုပ်ပြခြင်းနှင့် ပလတ်စတစ် ညစ်ညမ်းမှု အကြောင်းအရာများ ပါဝင်‌သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

 မြို့နယ်(ပြန်/ဆက်)