ရန်ကုန် သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော Telecom International Co.,Ltd. မှ အာမခံအလုပ်သမား ဦးရဲမင်းကိုသည် လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ် သေဆုံးခဲ့သည့် အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ဩဂုတ် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးသိန်းနွဲ့ဦးက ကျောက်တံတား မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Telecom International Myanmar Co., Ltd. မှ အာမခံ အလုပ်သမား ဦးရဲမင်းကို အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၁၅၀၀၀၀၀၀ ကို အာမခံအလုပ်သမား၏ ဇနီး ဖြစ်သူ ဒေါ်ဖြိုးဖြိုးအောင်အား အလုပ်ဌာနမှ တာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

 အောင်ကျော်(ပြန်/ဆက်)