အူလန်ဘာတာ  ဩဂုတ်  ၂၈

မွန်ဂိုလီးယားနိုင်ငံ၌  ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့်  နောက်ထပ် သေဆုံးသူ တစ်ဦးရှိလာသဖြင့် သေဆုံးသူပေါင်း ၁၁ ဦးရှိလာကြောင်း အမျိုးသားကူးစက်ရောဂါများဆိုင်ရာဗဟိုဌာနက ဩဂုတ် ၂၈ ရက်တွင် ပြောကြားသည်။  

အဆိုပါရောဂါကြောင့် အပြင်းအထန်ဖျားနာသူ ကလေးနှစ်ဦးအပါ အဝင် ဆေးရုံ၌ကုသမှုခံယူနေသူ ၁၆ ဦးရှိကြောင်း သိရသည်။ ယင်းစင်တာက ဝက်သက်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပေးခြင်းဖြင့်  ၎င်းတို့၏ကလေးများကို ပြင်းထန်သောရောဂါဆိုးမှ ကာကွယ်ရန် မိဘများကို  အကြံပြုထားသည်။ 

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းမှ အမှုန်အမွှားများနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်မှုမြင့်မားသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။                                

ဆင်ဟွာ