အိမ်မဲ ၁၄  မတ်


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၊ မြို့မဈေးကြီးအတွင်း အသား၊ ငါးရောင်းချသူများအား ယင်လုံဇကာ အသုံးပြု၍ ရောင်းချရန် စစ်ဆေးခြင်းကို မတ်လ ၁၂ ရက် နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော်နှင့် အဖွဲ့က ဈေးအတွင်းရှိ ငါးဆိုင်၊ ငါးဖယ်ခြစ်ဆိုင်၊ ပုဇွန်ချဉ်ဆိုင် အစရှိသည့် ဈေးဆိုင်များတွင် ရောင်းချရာ၌ ယင်လုံဇကာ အသုံးပြု၍ ရောင်းချ ခြင်း ရှိ၊ မရှိနှင့် မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသုံးစွဲမှုကို လိုက်လံကြည့်ရှုခြင်း ဈေးပတ်ဝန်းကျင်တွင် ရပ်နားထားသော မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ စည်းကမ်းနှင့်အညီ ရပ်နားနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)