ပြင်ဦးလွင် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီ ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက အမှာစကားပြောကြားပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဗီဒီယိုကို ပြသသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေးဗီဒီယိုပြသမှုကို ကျောင်းသား ကျောင်းသူ များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


