နေပြည်တော် ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျည်တောင်ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ဩဂုတ် ၂၇ ရက် မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စိတ်လူမှုဆိုင်ရာ ပံ့ပိုးနှစ်သိမ့် ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချစ်ဆုဝေ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင် ၃၀၀ မှ ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျည်တောင်ကျေးရွာ ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူ များကို လူမှုရေးနှင့်စိတ်ပိုင်း ဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရေတွင်း ရေကန်များအား ကလိုရင်းခတ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်း၊ သောက်သုံးရေ များအား Water tablet ထည့်ခြင်း၊ ရေဘေးသင့် မိသားစုဝင်များအား ဆေးစိမ်ခြင်ထောင်များ၊ လက်သန့် ဆေးရည်များ၊ ယင်လုံအိမ်သာခွက နှင့် ဆက်စပ်ပစ္စည်း ဖြန့်ဝေခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


