ဩဂုတ် ၂၉
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံးပြီး လေးဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။
ချင်းမိုင်မြို့ရှိ ကျေးရွာတစ်ရွာတွင် ဩဂုတ် ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံးထက်မနည်း ပျက်စီးခဲ့ပြီး လူ ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လမ်းများပိတ်ဆို့နေသောကြောင့် ဒဏ်ရာရရှိသူအချို့မှာ ဆေးရုံသို့ချက်ချင်းမရောက်ရှိနိုင်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။
အခြားမြောက်ပိုင်းပြည်နယ်များတွင်လည်း ရုတ်တရက်ရေကြီးမှုများကြောင့် အိမ်ထောင်စု ၁၆၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုင်ဖွန်းမုန်တိုင်း ကဂျိကိသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားသော်လည်း မိုးလေဝသအေဂျင်စီတာဝန်ရှိသူများက ဒေသခံများကို သတိထားနေကြရန် တိုက်တွန်းထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


