နေပြည်တော် ဩဂုတ် ၃၁

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအားလုံး စနစ်တကျမဲပေးနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် မိမိဒေသ၊ မိမိမြို့နယ်အကျိုးကို ဆောင်ရွက်နိုင်မည့်သူအား ရွေးချယ်မဲပေးသွားရန်၊ ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများတွင် နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန်နှင့် မိမိတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားရန်၊ ဓာတ်အားပေးစက်ရုံဝင်းအတွင်း မြေလွတ်မြေရိုင်းများရှိပါက သီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ ဝန်ထမ်းများ ငွေကြေးသုံးစွဲမှုကို ခြိုးခြံချွေတာ၍ လျှပ်စစ်မီးနှင့် ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲသွားရန်မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်