ရန်ကုန်     ဩဂုတ်      ၃၁

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တက္ကသိုလ်ဂျူဒိုကလပ်များနှင့် သွားရောက်ပူးတွဲလေ့ကျင့်မည့် ဂျူဒို ားကစားသမားများအား ချီးမြှင့်ငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ  အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌ  မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးထွန်းထွန်းက  အမှာစကားပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးတို့က အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီး ဌာနမှပေးအပ်သည့်   ထောက်ပံ့ငွေ   အမေရိကန်ဒေါ်လာ   ၇၀၀၀  ကို အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကပေးအပ်ရာ Joint Training သွားရောက်မည့် အားကစားသမားများက လက်ခံရယူသည်။

အဆိုပါ ဂျပန်ခရီးစဉ်အတွင်း အားကစားသမားများအတွက် စားသောက်စရိတ်၊   ပြည်တွင်းခရီးသွား လာစရိတ်နှင့် အထွေထွေအသုံးစရိတ်များအတွက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌက ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀ ပေးအပ်သည်။

ထိုသို့ ပူးတွဲသွားရောက်လေ့ကျင့်မည့် ဂျူဒိုအားကစားအဖွဲ့တွင် အုပ်ချုပ်/နည်းပြ၊  ကစားသမား  စုစုပေါင်း   ခုနစ်ဦးပါဝင်ပြီး  ဩဂုတ် ၃၀  ရက်မှ  အောက်တိုဘာ  ၁  ရက်အထိ  ဂျပန်နိုင်ငံ   တိုကျိုမြို့ရှိ တက္ကသိုလ်ဂျူဒိုကလပ်များနှင့် အတူသွားရောက်ပူးတွဲလေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။                                                        

ကိုထက်