ဝါရှင်တန် ဩဂုတ် ၃၁
အမေရိကန်နိုင်ငံရှိ ကမ်းလွန်လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများအတွက် ပြည်ထောင်စုရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၇၉ သန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဖျက်သိမ်းလိုက်သည်။
အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနသည် ဩဂုတ် ၂၉ ရက်က ပြည်နယ် ၁၁ ခုရှိ စီမံကိန်းများ အတွက် ပြည်ထောင်စုရန်ပုံငွေကို ဖြတ်တောက်ပစ်ခဲ့သည်။ ရန်ပုံငွေဖြတ်တောက်လိုက်သည့်အထဲတွင် ကယ်လီဖိုးနီးယားရှိ ဒေါ်လာ ၄၃၅ သန်းတန် ရေပေါ်လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း၊ မိုင်ယာလန်းရှိ ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအတွက် ဒေါ်လာ ၄၇ သန်းနှင့် နယူးယောက်ရှိ ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာ ၄၈ သန်းတို့ ပါဝင်သည်။
အမေရိကန်၏ ပင်လယ်ရေကြောင်းလုပ်ငန်းကို ပြန်လည်အသက်ဝင်အောင် လုပ်ဆောင်နေသည့် အရင်းအမြစ်များကို ဖြုန်းတီးသော လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများက သုံးစွဲနေသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖီက ပြောသည်။
ဖျက်သိမ်းလိုက်သည့် ရန်ပုံငွေများကို ဖြစ်နိုင်ပါက နိုင်ငံအတွင်းရှိ ဆိပ်ကမ်းများနှင့် အခြားသော အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန် သုံးစွဲသွားမည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ


