ကွာလာလမ်ပူ  ဩဂုတ်  ၃၁

မလေးရှားနိုင်ငံ၏     (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ပူထရာ ဂျာယာမြို့  အုပ်ချုပ်ရေးစင်တာ၌ ဩဂုတ် ၃၁ ရက်က ကျင်းပရာ မလေးရှားနိုင်ငံ ခေါင်းဆောင်များနှင့်      ပြည်သူအများအပြား  တက်ရောက်သည်။

အဆိုပါ   အခမ်းအနားသို့ မလေးရှား လူမှုအသိုင်းအဝိုင်းပေါင်းစုံကို  ကိုယ်စားပြုသည့် အုပ်စု   ၈၁   စုဖြင့် လူပေါင်း ၁၄၀၀၀   ကျော်   ပါဝင်ဆင်နွှဲကြကြောင်း   မလေးရှားသတင်းဌာန  ဘာနားက   ဖော်ပြသည်။

စစ်ရေးပြအခမ်းအနားကို မလေးရှားဘုရင်   ဆူလ်တန်အီဗရာဟင်မ်  ဆူလ်တန် အစ္စကန်ဒါ၊ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်နှင့် အစိုးရအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ပြီး မလေးရှားလေတပ် တိုက်လေယာဉ်များ၊  ရဟတ်ယာဉ်များက အုပ်စုဖွဲ့ပျံသန်းစစ်ရေးပြခဲ့ကြသည်။            

ဆင်ဟွာ