လန်ဒန်  ဩဂုတ်  ၃၁

ဗြိတိန်အစိုးရသည် ရေလက်ကြားဖြတ်ကျော်မှုနှင့် ခိုလှုံခွင့်တောင်းခံသူများကိုထားရှိသည့် ဟိုတယ်များနှင့်ပတ်သက်၍     ဖြေရှင်းရာတွင် ဖိအားများ  တိုးလာနေသည့်ကြားမှပင်  တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်   ကီရာစတာမားက ဩဂုတ် ၃၀ ရက်တွင် ကတိပြုပြောကြားသည်။

တရားမဝင် ခိုးဝင်နေထိုင်မှုကို  အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ အကယ်၍ ရေလက်ကြားကို တရားမဝင်ဖြတ်ကျော်လာပါက  ဖမ်းဆီးထိန်းသိမ်းခံရကာ ပြန်လည်ပို့ဆောင်ခံရမည်ဟု ကီရာစတာမားက     ၎င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ 

ခိုလှုံခွင့်တောင်းခံသူများ ခိုလှုံနေထိုင်နေကြသည့် ဟိုတယ်များရှိရာ နေရာများအပါအဝင် လန်ဒန်မြို့တစ်လွှားတွင် ဩဂုတ် ၃၀ ရက် က ဆန္ဒပြမှုအချို့ပေါ်ပေါက်လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်က ယခုလို မှတ်ချက်ချပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ဟိုတယ်များတွင်  ခိုလှုံနေထိုင်နေကြသည့် ခိုလှုံခွင့်တောင်းခံ သူဦးရေမှာ ယခုနှစ်ဇွန်လအတွင်း ၃၂၀၀၀ ကျော်အထိ တိုးလာခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ရုံး၏အချက်အလက်များအရ သိရသည်။

အစိုးရက လာမည့်အထွေထွေရွေးကောက်ပွဲမတိုင်မီ ခိုလှုံခွင့်တောင်းခံသူများကို ထားရှိသည့် ဟိုတယ်များကို  ပိတ်ပစ်မည်ဟု  ကတိပြုထားသည်။     

ဆင်ဟွာ