ညောင်ဦး  ၁၄     မတ်        
    

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်တောကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ နွေရာသီ သောက်သုံးရေရှားပါးမှုအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၁၄ ရက်  နံနက် ၉ နာရီက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
    

ိိ

 

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်တောကျေးရွာသည် အိမ်ခြေ ၅၅၀ ခန့်ရှိပြီး လူဦးရေ ၂၀ဝ၀ ကျော်ခန့်ရှိကြောင်း သိရပြီး ၊ ကျေးရွာတွင် သောက်သုံးရေအတွက် အဝီစိစက်ရေတွင်းရှိသော်လည်း အိမ်ထောင်စု လူဦးရေ များပြားနေ၍ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။ 

 


ယနေ့ နံနက်ပိုင်းက သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက်  ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူ အသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းမှ ပရဟိတအသင်းသားများက  ရေသယ်ယာဉ်များဖြင့် သွားရောက်ပြီး ရေဂါလန် ၆၀ဝ၀ အား ကျေးရွာရှိ အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေပေးခဲ့ရာ ဒေသခံပြည်သူများက သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိသဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေး ထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

ိိ