စက်တင်ဘာ ၁

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယမန်နေ့က မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါပေါက်ကွဲမှုသည် ဉတ္တရာပရာဒက်ရှ်၏မြို့တော် လက်ခ်နောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုဖြစ်ပွားသဖြင့် စက်ရုံအမိုး၏တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့သည်။ အပျက်အစီးများအောက်တွင် လူငါးဦးပိတ်မိနေခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်အတွင်း နှစ်ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရရှိသူသုံးဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းတို့အခြေအနေကောင်းမွန်မှုရှိကြောင်းနှင့် ပေါက်ကွဲမှုကြောင့် အနီးအနားရှိနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို