ချယ်ဆီးအသင်းသည် မန်ယူအသင်းမှ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို ပြောင်းရွှေ့ ကြေး ပေါင်သန်း ၄၀ ဖြင့် အပြီးသတ်ခေါ်ယူ စာချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။     

အသက် ၂၁ နှစ်အရွယ် အဆိုပါ တောင်ပံကစားသမားသည် စတန်းဖို့ဒ်ဘရစ်၌ ၂၀၃၂ ခုနှစ်အထိရှိမည့် ကာလရှည်စာချုပ်တစ်ရပ်ကို ရေးထိုးခဲ့ကြောင်း သိရသည်။ ဂါနာချိုသည် ယခုနှစ်အပြောင်းအရွှေ့ ကာလတွင် ချယ်ဆီးအသင်း၏ ခေါ်ယူသည့် ကိုးဦးမြောက် ကစားသမားဖြစ်လာခဲ့သည်။ ချယ်ဆီးအသင်းသည် ဂါနာချိုမတိုင်မီ ပက်ဒရို၊ ဒီလက်ပ်၊ အက်စ်တီဗာအို၊ ဂစ် တန်းစ် သည့် တိုက်စစ် အားသန်ကစားသမားများကိုလည်း ခေါ်ယူအားဖြည့်ထားသည်။  ဂါနာချိုသည် မန်ယူအသင်းအတွက် ၂၀၂၂ ခုနှစ်မှစတင်ကာ ပွဲပေါင်း ၁၄၄ ပွဲပါဝင် ကစားထားပြီး ၂၆ ဂိုး သွင်းယူပေးထားနိုင်သည်။

မိုးဇက် - စုစည်းရေးသားသည်