ဝုဖ်အသင်းသည် ဂျန့်ခ်တိုက်စစ်ကစားသမား တိုလူအာရိုကိုဒါရေး (၂၄ နှစ်)ကို ပေါင် ၂၄ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။
အရပ် ခြောက်ပေ ခြောက်လက်မရှိသည့် နိုင်ဂျီးရီးယားကစားသမားသည် ဝုဖ်အသင်းနှင့် လေးနှစ် သက်တမ်းရှိ စာ ချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အာရိုကိုဒါရေးသည် ပြီးခဲ့သည့် ရာသီက ဘယ်လ်ဂျီယံပရိုလိဂ်တွင် ဂျန့်ခ်အသင်းအတွက် ၂၁ ဂိုးသွင်းယူကာ ရွှေဖိနပ်ဆု ဆွတ်ခူး ရရှိထားသူဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် ဂျန့်ခ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိပြီးနောက်ပိုင်း ၁၁၃ ပွဲ ပါဝင်ကစားထားကာ ၄၁ ဂိုး သွင်းယူပေးထားနိုင်သည်။ ဝုဖ်အသင်းသည် ပရီမီယာလိဂ်အဖွင့်သုံးပွဲကစားပြီးချိန်တွင် နိုင်ပွဲရရှိထားခြင်းမရှိသေးဘဲ သုံးပွဲစလုံးရှုံးနိမ့်ကာ အမှတ်ပေးဇယား အောက်ဆုံးရပ်တည်နေသည့်အသင်းဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်


