လီဗာပူးအသင်းသည် နယူးကာဆယ်အသင်း တိုက်စစ်ကစားသမား အလက်ဇန္ဒြားအီဆတ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း   သိရသည်။  

ကစားသမား၏ အပြောင်းအရွှေ့မှာ အပိုဆုကြေးများပါ   ထည့်ပေါင်းပါက ပေါင် သန်း ၁၃၀ အထိ ရောက်ရှိနိုင်ကြောင်း နယူးကာဆယ်သတင်းအရင်းမြစ်များတွင် ဖော်ပြထားသည်။ ၎င်းသည် အန်းဖီးလ်တွင် ခြောက်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမည်ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၂၇ ဂိုး သွင်းယူပေးထားနိုင်သည်။

မိုးဇက် - စုစည်းရေးသားသည်