မအူပင် စက်တင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးသူရေးရာဦးစီးဌာန ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ရှင်းလင်း ဆွေးနွေးပြီး ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဝင်းထွန်းက ခရိုင်အတွင်းရောက်ရှိလာသည့် စားအုန်းဆီများအား ဒေသခံပြည်သူများထံ ဆီစာအုပ်ဖြင့် စနစ်တကျ အလေးချိန်မှန်၊ ဈေးနှုန်းမှန်၊ ရက်ချိန်းမှန်ကန်စွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း ဆိုင်ရာလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှာကြားဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသည့် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များက သိလိုသည်များကို တင်ပြဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြကြောင်း သိရသည်။ 

အောင်မြင့်မြတ်(ပြန်/ဆက်)