သာစည် ၁၄ မတ်


မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံ အားကစားသင်တန်းများကို မတ် ၁၅ ရက်မှ စတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဘော်လီဘောအားကစားနည်းများကို  အခြေခံ သင်တန်းဆင်းပါက မိမိတို့ကိုယ်တိုင် ဆက်လက်လေ့ကျင့်ပြီး အားကစားသမားကောင်းများ ဖြစ်လာစေရန် အခြေခံမှစ၍ စနစ်တကျဖြင့် မတ်လကုန်အထိ နေ့စဉ်ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ရာ တက်ရောက်လိုသူများ အနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လာရောက်စာရင်း ပေးသွင်းနိုင်ပြီး ဖုန်း-ဝ၉၄၀၂၆၆၀၈၂၅ နှင့် ဝ၉၉၅၃၀၇၀၄၉၁ များသို့ စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သိရသည်။ 


ထွန်းထွန်း(သာစည်)