နေပြည်တော် စက်တင်ဘာ ၄
နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ကျွဲရှင်းတံတားထိပ်တွင် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်က တောင်ညိုဘက်မှ ပျဥ်းမနားဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးထိုးကျခဲ့သည့်အတွက် အသက် (၁၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံ၌ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
MDN


