တူကီယဲကလပ် ဂါလာတာစရေး အသင်းသည် မန်စီးတီးအသင်းမှ ဂျာမနီ ဝါရင့်ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ကို  အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ခေါ်ယူစာချုပ်လိုက်ပြီဖြစ်သည်။

အသက်    ၃၄  နှစ်အရွယ်  ကွင်းလယ်ကစားသမား  ဂန်ဒိုဂန်သည်   တူကီယဲစူပါလိဂ်   ချန်ပီယံ ဂါလာတာစရေးအသင်းနှင့် ၂၀၂၆-၂၀၂၇ ရာသီကုန်အထိ စာချုပ်ချုပ်သွားမည်ဖြစ်သည်။    ၎င်းသည် မန်စီးတီးအသင်းတွင်  စာချုပ်သက်တမ်း  တစ်နှစ်ကျန်ရှိနေသေးသော်လည်း ဂါလာတာစရေးအသင်းသို့ ပြောင်းရွှေ့ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဂန်ဒိုဂန်သည် မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၅၈ ပွဲ ပါဝင်ကစားထားပြီး  ၆၅  ဂိုး သွင်းယူပေးထားသူဖြစ်သည်။  ၎င်းသည်  မိခင်နိုင်ငံ ဂျာမနီအသင်းအတွက်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ ၈၂ ပွဲ ပါဝင်ကစားပေးထားပြီး ၁၉  ဂိုး သွင်းယူပေးထားသည်။ ဂန်ဒိုဂန်သည် ၂၀၁၆  ခုနှစ်တွင် နည်းပြ ဂွါဒီယိုလာ  ပထမဆုံးခေါ်ယူသည့် ကစားသမားတစ်ဦးဖြစ်သည်။                

အောင်ဇော်