စက်တင်ဘာ ၄

ပါကစ္စတန်နိုင်ငံတွင် သြဂုတ်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုသည် ယခင်နှစ်ကထက် ၁၂.၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံအထိ ကျဆင်းခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။

အဆိုပါပို့ကုန်ကျဆင်းမှုသည် လွန်ခဲ့သည့်ငါးလအတွင်း စတုတ္ထမြောက် ကျဆင်းမှုဖြစ်ပြီး ဇူလိုင်လကသာလျင် အပြုသဘောဆောင်သော ပို့ကုန်တိုးတက်မှုရှိကြောင်း ဖော်ပြခဲ့သည်။ လအလိုက် ပို့ကုန် ၉.၉၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပီဘီအက်စ်ဒေတာက ဖော်ပြသည်။

လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၅-၂၆ ၏ ပထမနှစ်လတာကာလအတွင်း ပို့ကုန်တင်ပို့မှု ၀ ဒသမ ၆၅ ရာခိုင်နှုန်း ဒေါ်လာ ၅ ဒသမ ၁၁ ဘီလီယံအထိ တိုးတက်ခဲ့ရာ ယမန်နှစ်အလားတူကာလက ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၇  ဘီလီယံထက် ပိုမိုများပြားခဲ့သည်။

သို့ရာတွင် သြဂုတ်လက သွင်းကုန် ၆ ဒသမ ၄၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၈ ဘီလီယံ မြင့်တက်ခဲ့ရာ လစဉ်ကုန်သွယ်မှုလိုငွေ ၃၀.၁၃ ရာခိုင်နှုန်း တိုးလာကာ ယခင်နှစ်က ဒေါ်လာ ၂.၂၁ ဘီလီယံနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ ၂.၈၆ ဘီလီယံအထိ တိုးလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို