ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၄

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့ညနေ ၆ နာရီတွင် ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူး Mr.Xu Qin နှင့် တွေ့ဆုံဆွေးနွေးသည်။  အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူးနှင့်အတူ ဟေလုံကျန်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့်တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ်တာကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ ဟေလုံကျန်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိမှု၊ အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားလျက်ရှိမှုနှင့် မြန်မာနိုင်ငံမှ ပညာတော်သင်များ တက်ရောက်သင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သီးနှံများကို ဟေလုံကျန်းပြည်နယ်သို့ တင်ပို့နိုင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာဖလှယ်မှုများ ဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ် နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်