ထားဝယ် စက်တင်ဘာ ၄
ထားဝယ်မြို့နယ် ရဲမှုထမ်း ဟောင်းများအဖွဲ့သို့ ရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံး ရဲဇာနည်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး ရဲမှု ထမ်းဟောင်းများအဖွဲ့၏ မြို့နယ်အလိုက် ရန်ပုံငွေများအနေဖြင့် ထားဝယ်မြို့နယ် ရဲမှုထမ်းဟောင်း အဖွဲ့၊ မြိတ်မြို့နယ် ရဲမှုထမ်းဟောင်း အဖွဲ့နှင့် ကော့သောင်းမြို့နယ် ရဲမှုထမ်းဟောင်း အဖွဲ့တို့တွင် စုစုပေါင်းငွေ ၉၀၅၈၀၉၃၃ ကျပ် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ ရဲမှုထမ်းဟောင်းများ အဖွဲ့ရုံး မြေနေရာရရှိရေး ဆောင်ရွက်ပေး ထားပြီးဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကို အလုပ် အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခဲ့ပြီး ရဲမှုထမ်းဟောင်းအဖွဲ့များက ပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ ပိုမိုရရှိရေး ဆောင်ရွက်ရန်နှင့် ပြည်တွင်းလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် တာဝန်သိသိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထားဝယ်မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေကျပ် သိန်း ၇၀ ပေးအပ်ရာ တိုင်းဒေသကြီး ရဲမှုထမ်းဟောင်းများအဖွဲ့ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က လက်ခံရယူပြီး မြန်မာနိုင်ငံ ရဲမှုထမ်း ဟောင်းများအဖွဲ့ချုပ်က ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


