ဂျီနီဗာ စက်တင်ဘာ ၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှုအတွက် နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကို ယနေ့ ရုပ်သိမ်းကြောင်း ကြေညာသည်။
မျောက်ကျောက်ရောဂါ လက္ခဏာများမှာ အဖျားဝေဒနာခံစားရပြီး ကိုယ်ခန္ဓာကိုယ်ပေါ်တွင် အဖုအပိန့်များ ထွက်လာခြင်းဖြစ်သည်။
ပြီးခဲ့သောနှစ် သြဂုတ်လတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကအလယ်ပိုင်းတွင် မျောက်ကျောက် ရောဂါကူးစက်ပျံ့နှံ့မှုကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရော့စ် အက်ဒနွမ်ဂါဘရီယီဆက်စ်က စက်တင်ဘာ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကြေညာချက်ကို အဆုံးသတ်ကြောင်း ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါ ကူးစက်ခံစားရသူအရေအတွက် စဉ်ဆက်မပြတ်ကျဆင်းမှုနှင့် သေဆုံးမှုနှုန်း လျော့ကျခြင်းအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ကိုချခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


