ရန်ကုန် စက်တင်ဘာ ၇
စက်တင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ကျင်းပမည့် ONE Friday Fights 124 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ အဲမွီ တွဲဆိုင်းပါ၀င်လာမည်ဖြစ်သည်။
ONE Championship အဖွဲ့အစည်းသည် မြန်မာဖိုက်တာ အဲမွီ တွဲဆိုင်းကို Co-Main Event အဖြစ် ကျင်းပမည်ဖြစ်ပြီး ထိုင်းဖိုက်တာ မဲမွတ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ အဲမွီသည် ONE နှင့် ငါးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ သုံးပွဲ ရှုံးနိမ့်ထားပြီး နောက်ဆုံးနှစ်ပွဲဆက်တိုက် အရေးနိမ့်ထားမှုကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ အဲမွီသည် ယခုနှစ်အတွင်း လေးပွဲမြောက် ထိုးသတ်ရခြင်းဖြစ်ပြီး လေးလနီးပါးအကြာတွင် နောက်တစ်ပွဲ ထိုးသတ်ခွင့်ရခြင်းဖြစ်သည်။ ထိုင်းဖိုက်တာ မဲမွတ်သည် ONE နှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာမှ စတင်လက်တွဲခြင်းဖြစ်ပြီး လေးပွဲမြောက် ထိုးသတ်ခြင်းဖြစ်သည်။ မဲမွတ်သည် ပြီးခဲ့သည့် သုံးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးပွဲတွင် အနိုင်ရထားသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-ONE


