နေပြည်တော်     စက်တင်ဘာ    

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိ မြို့နယ် ဘုရားကုန်းကျေးရွာရှိ ဦးရဲနိုင်ဦး၏ မွေးမြူ ရေးခြံ၌ ဒေသဆိတ်မျိုးများ မွေးမြူထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒေသတွင်း အသား၊ ငါးဖူလုံမှုရှိစေရေးအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ်မွေးမြူရေး အဆင့်အထိ တိုးချဲ့ဆောင်ရွက်ကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်ကြရန်  ဆွေးနွေး မှာကြားသည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာနေ တောင်သူ ဦးကျော်ရွှေ၏ ကွင်းအမှတ်(၁၈၈၈) ၌ စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များက နှမ်းရိုး၊ မြေပဲ ရိုး၊ ပြောင်းရိုးနှင့် နေကြာရိုးများ အသုံးပြု၍ သဘာဝ မြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြသနေမှုနှင့် (၂၁) သစ်စက်ကျေးရွာနေ တောင်သူ ဦးအောင်မြင့်သန်း ၏ ကွင်းအမှတ် (၁၈၉၂) ကွင်း၌ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ လက်တွေ့သရုပ်ပြ ရောစပ်ကြဲပက်နေမှုကို လည်းကောင်း၊ ဇလောင်း (မြောက်) ကျေးရွာနေ ဦးကျော်မြင့်ထွန်း၏ သရက်ဇုန်အတွင်း ကော်ဖီ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း  လှည့်လည်ကြည့်ရှု အားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)