ရန်ကုန်   စက်တင်ဘာ   ၇

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲအတွက် အပြီးသတ် ကစားသမား   ၂၃  ဦး  ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်နေသည့် အသင်းဖြစ်ပြီး စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစစ်ပွဲကစားရန်မရှိသဖြင့်  ခြေစမ်းပွဲ ကစားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ ကို စက်တင်ဘာ  ၉  ရက်  မြန်မာစံတော်ချိန် ည  ၇  နာရီခွဲတွင် စင်ကာပူနိုင်ငံရှိ ဂျလန်ဘီဆာကွင်း၌   ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပမည်ဖြစ်သည်။  စင်ကာပူအသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲ မတိုင်မီ မလေးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူအသင်းနှင့် ခြေစမ်းပွဲအတွက် သြဂုတ်လကုန်ပိုင်းကတည်း က  ပြင်ဆင်ခဲ့ပြီး အပြီးသတ်လူစာရင်းတွင် လက်ရွေးစင်အသင်းနှင့်  ကင်းကွာနေသည့် ငြိမ်းချမ်း အောင်၊ ရန်နိုင်ဦးနှင့် ရန်ကျော်ထွေးတို့ ပြန်လည်ပါ၀င်လာသည်။ ခြေစမ်းပွဲကစားမည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် နည်းပြချုပ်- ဦးမျိုးလှိုင်ဝင်း၊ ကစားသမားများအဖြစ် ဂိုးသမား- ဇင်ညီညီအောင်၊ ဆန်းဆက်နိုင်(ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက်(ဟံသာဝတီယူနိုက်တက်) နောက်တန်း- ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇွဲခန့်မင်း၊ သက်ဟိန်းစိုး၊ နန္ဒကျော်(ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ စိုးမိုးကျော်(အူထိုင်းထာနီ-ထိုင်း)၊ သီဟထက်အောင် (ပတ်တာနီ-ထိုင်း)၊ အလယ်တန်း-ဝေလင်းအောင် (နီဂျီရီဆီဘမ်လန်-မလေးရှား)၊ ရန်နိုင်ဦး၊ ငြိမ်းချမ်းအောင်(ဒဂုံစတားယူနိုက်တက်)။ လွင်မိုးအောင် (မဟာဆာရာခမ်-ထိုင်း)၊ ရဲရင့်အောင် (ရှမ်းယူနိုက်တက်)၊ ကျော်မင်းဦး PDRM-မလေးရှား)၊ ဟိန်းထက်အောင် (ကီလန်တန်- မလေးရှား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ သီဟဇော်(Immigration မလေးရှား)၊ ရှေ့တန်း- ၀င်းနိုင်ထွန်း(ရန်ကုန်စီးတီး)၊ ရန်ကျော်ထွေး (ဒဂုံစတား ယူနိုက်တက်)၊ သန်းပိုင် (ထရတ်-ထိုင်း)တို့  ပါ၀င်ကြသည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF