သုံးခွ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် နန်းခလဲကျေးရွာ ဒက္ခိဏာရုံ ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်း က ကွင်းဆင်းဆောင်ရွက်ပေးသည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်၊ ပန်းခင်းစီမံချက် အကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိခြင်းကြောင့် ရရှိမည့်အခွင့်အရေး၊ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား အရည် အချင်းပြည့်မီသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည်။
ထို့ပြင် နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(သုံးခွ)


