စက်တင်ဘာ ၈

 

ကမ္ဘောဒီးယားနိုင်ငံရှိ ထင်ရှားသော အန်ကောဝပ်ကျောင်းတော်သို့ ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း တရုတ်ခရီးသွား ၅၇၇၄၆ ဦး လာရောက်လည်ပတ်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလအတွင်း တရုတ်ခရီးသွားလာရောက်မှုထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၅ ရက်ကပြောကြားသည်။

 

ယခုနှစ် ဇန်နဝါရီလမှဩဂုတ်လအတွင်း ယူနက်စကိုစာရင်းဝင် အန်ကောဝပ်ကျောင်းတော်သို့ နိုင်ငံတကာခရီးသွားများလာရောက်လည်ပတ်မှုရှိရာတွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ပြီးလျှင် တရုတ်နိုင်ငံသည် ခရီးသွားဝင်ရောက်မှု စတုတ္ထမြောက် အများဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံပိုင်အန်ကောလုပ်ငန်းက ပြောကြားသည်။

 

အန်ကောဝပ်ကျောင်းတော်သို့ တရုတ်ခရီးသွားလာရောက်လည်ပတ်မှု အရေအတွက်သည် ခရီးသွားဝင်ရောက်မှု စုစုပေါင်း၏ ၈ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို