ဂျေရုဆလင် စက်တင်ဘာ ၈
အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ ရာမော့လမ်းဆုံရှိ ဘတ်စ်ကားပေါ်တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး ငါးဦးသေဆုံးကြောင်း အစ္စရေးတာဝန်ရှိသူများက စက်တင်ဘာ ၈ ရက်တွင် ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားတစ်ဦးက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ သေနတ်သမားများ သေဆုံးခဲ့သည်။
အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်းနှင့် ခုနစ်ဦး ဒဏ်ရာရကြောင်း၊ သေနတ်သမားများသည် ဘတ်စ်ကားပေါ်သို့ တက်လာပြီးနောက် ပစ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
နံနက်ပိုင်း လူသွားလူလာများပြားသည့် ဘတ်စ်ကားဂိတ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်သူများသည် အနောက်ဘက်ကမ်းမှ ပါလက်စတိုင်းဒေသခံများဖြစ်ကြောင်း အစ္စရေးနိုင်ငံပိုင် ကန်ရုပ်မြင်သံကြားဌာနက ပြောကြားသည်။ လက်ရှိအချိန်တွင် အစ္စရေးတပ်ဖွဲ့ဝင်များက ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ယခုတိုက်ခိုက်မှုသည် ဂါဇာဒေသကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


