ရန်ကုန် စက်တင်ဘာ ၈
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးနှင့် သင်္ဘောသား အလုပ်အကိုင်အခြေအနေ၊ လုပ်ငန်းဆိုင်ရာ ပညာရပ် ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဝင်းဒမ်ဂရန်း (ရန်ကုန်ဟိုတယ်)၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MSESF) ဥက္ကဋ္ဌ ဦးဆန်းဦးက ငလျင်ဘေးတွင် ပါဝင်လှူဒါန်းခဲ့သော SRPS Company များနှင့် ယခုကျင်းပသော MSESF Annual General Meeting-2025 တွင် Sponsor နှင့် Contribution ပါဝင်ထားသော SRPS Company များကို ကျေးဇူးတင်စကားပြောသည်။
ယင်းနောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သမိုင်းကြောင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် MSESF အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းက အဖွဲ့ချုပ်၏လုပ်ငန်း ဆောင်ရွက်ချက်များကို တင်ပြ၍ စိတ်ပါဝင်စားသည့် SRPS များမှ EC အဖြစ် ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ပြီး MSESF အဖွဲ့ချုပ် တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်မေနှင်းနွယ်က အဖွဲ့ချုပ်၏ ဘဏ္ဍာငွေစာရင်းကို တင်ပြသည်။
ယင်းနောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်၊ MSESF ဥက္ကဋ္ဌ ဦးဆန်းဦး နှင့် အမှုဆောင်များက Annual General Meeting-2025 and Seafarer Conditions and Maritime Professional Affairs Forum Sponsor Company ၊ Contribution Company၊ ငလျင်ဘေးတွင် ပါဝင်လှူဒါန်းခဲ့သော SRPS Company များအား ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
အောင်မြင့်(ပြန်/ဆက်)


