စက်တင်ဘာ ၉
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ဦးနှောက်အဖျားရောဂါဟု လူသိများသော အမိဗာပိုးကြောင့်ဖြစ်သော ဦးနှောက်ရောဂါကြောင့် အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယမန်နေ့ကသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါအမျိုးသမီးသည် မာလပ်ပူရမ်ခရိုင်ဇာတိဖြစ်ပြီး ကောဇ်ဟစ်ကိုဒီခရိုင်ရှိ ကောဇ်ဟစ်ကိုဒီ ဆေးတက္ကသိုလ်ဆေးရုံတွင် လွန်ခဲ့သောသီတင်းပတ်က ဆေးကုသမှုခံယူခဲ့ရာ ယင်းအချိန်ကတည်းက စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုရောဂါသည် ရှားပါးသောရောဂါတစ်ခုဖြစ်သော်လည်း သေဆုံးမှုများပြားကာ ၎င်းပြည်နယ်တွင် ဩဂုတ်လ ၁၄ ရက်နောက်ပိုင်း သေဆုံးသူငါးဦးရှိလာကြောင်း ဖော်ပြထားသည်။
ယင်းဆေးရုံတွင် လက်ရှိကုသမှုခံယူနေသူ ၁၁ ဦးရှိပြီး အချို့သည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


