တာလေ စက်တင်ဘာ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့နေ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ရာသီပေါ် ဒေသထွက်နှင်းသီးများ ခူးဆွတ်ရောင်းချချိန်ရောက်၍ စိုက်ပျိုးခြံများနှင့် နေအိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားသည့်နှင်းသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိသည်။
မိသားစုအပိုဝင်ငွေရရှိ
နှင်းသီးပင်များသည် နှစ်ရှည်သီးနှံဖြစ်ပြီး စိုက်ပျိုးခြံများနှင့် မိမိပိုင်ဥယျာဉ်ခြံမြေအတွင်း အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အရိပ်ရပင်အဖြစ် စိုက်ပျိုးထားကြပြီး မိသားစုစားသုံးရန်အပြင် ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ အသီးအရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိကြောင်း နှင်းသီးစိုက်ပျိုးရောင်းချသည့် ဒေသခံတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


