နယူးဒေလီ   စက်တင်ဘာ   ၉

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်တွင် စက်တင်ဘာ ၉ ရက်က မြေပြိုမှုဖြစ်ပွားရာ ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

၎င်းမြေပြိုမှုသည် ပြည်နယ်မြို့တော် ဆင်းမလား၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၁၀ အကွာရှိ ကူလူခရိုင် ရှာမန်နီရွာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ရွာသားများအိပ်ချိန်တွင် မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခြင်းမပြုနိုင်ခဲ့ကြောင်း  တာဝန်ရှိသူတစ်ဦးက   ပြောကြားသည်။ သေဆုံးသူများတွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ဦးပါဝင်ကာ ဒဏ်ရာရသူသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဟီမာချယ်ပရာ ဒေ့ရှ်ပြည်နယ်တွင် မုတ်သုံရာသီကာလအတွင်း မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများကြောင့် နှစ်စဉ်အများ အပြားသေဆုံးကာ ပျက်စီးမှုများရှိခဲ့သည်။ ဇွန် ၂၀ ရက်မှ စက်တင်ဘာ ၉ ရက်အတွင်း မုတ်သုံမိုးရွာသွန်းခြင်းကြောင့် ၃၇၈ ဦး သေဆုံးကာ ၄၀ ပျောက်ဆုံးပြီး ၄၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အရေးပေါ်လုပ်ငန်းစင်တာက ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ