ဝေါ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းက အမှာစကားပြောကြားပြီး အဖွင့်ပွဲစဉ်အနေဖြင့် ကျိုက်လှတိုက်နယ် အမျိုးသမီးဘောလုံးအသင်းနှင့် မြစ်ကျိုးတိုက်နယ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။
အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအား တိုက်နယ်ခြောက်ခုခွဲကာ အသင်းခြောက်သင်း ယှဉ်ပြိုင်ရာ စက်တင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


