ကမ္ဘာ့ဖလားခြေစစ်ပွဲ  ဥရောပဇုန် ပွဲစဉ် (၂) မှ စက်တင်ဘာ ၉ ရက်  နံနက် ၁ နာရီ ၁၅ မိနစ်က  ယှဉ်ပြိုင်ကစားခဲ့သည့် ကိုဆိုဗိုနှင့် နာမည်ကြီး ဆွီဒင်အသင်းပွဲစဉ်တွင် ကိုဆိုဗိုအသင်းက  အကြိတ်အနယ်ကစားကာ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ဆွီဒင်အသင်းသည်  ယိုကာရက်စ်၊ အီလန်ဂါ၊ ဂွတ်မွန်ဆင်၊ အီဆတ် စသည့် ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားများကို ထည့်သွင်းအသုံးပြုခဲ့သော်လည်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် လက်ကျန်ပွဲစဉ်များတွင် မဖြစ်မနေရလဒ်ကောင်းရရှိရေး ကြိုးပမ်းအားထုတ်ရတော့မည်ဖြစ်သည်။

ကိုဆိုဗိုအသင်းသည် ပြိုင်ဘက်ဆွီဒင်အသင်း၏ ဖိအားပေးကစားမှုအောက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသော်လည်း ရရှိလာသည့် အခွင့်အရေးများကို အမိအရအသုံးချကာ အရေးပါသည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ကိုဆိုဗိုအသင်းသည်   ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည်။ ပြိုင်ဘက်ဆွီဒင်အသင်းက နှစ်ပွဲကစားပြီး တစ်ပွဲသရေနှင့်    တစ်ပွဲရှုံးရလဒ်ရရှိထားသည်။   ပွဲကစားချိန်ပြည့်ခါနီး တွင် ကိုဆိုဗိုအသင်းမှ လူစားဝင် ကွင်းလယ်ကစားသမား အီမာလာဟူ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

အခြားပွဲစဉ်ရလဒ်များတွင် ဆွစ်ဇာလန်က စလိုဗေးနီးယားကို သုံးဂိုး-ဂိုးမရှိ၊  စကော့တလန်က ဘယ်လာရုစ်ကို   နှစ်ဂိုး-ဂိုးမရှိ၊ ဒိန်းမတ်က ဂရိကို သုံးဂိုး-ဂိုးမရှိဖြင့်  အသီးသီးနိုင်ပွဲကိုယ်စီရရှိခဲ့ သည်။                       

အောင်ဇော်