ရန်ကုန် စက်တင်ဘာ ၉
FIFA-MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ လက်ကျန်သုံးပွဲအလိုတွင် ချန်ပီယံဆုအတွက် Winner Soccer နှင့် YRG အသင်း အပြိုင်ဖြစ်နေပြီး လက်ကျန်သုံးပွဲမှာ အဆုံးအဖြတ်ဖြစ်နေသည်။
လက်ကျန်သုံးပွဲအလိုတွင် ချန်ပီယံဆုအတွက် ၅၁ မှတ်ရထားသည့် Winner Soccer အသင်းနှင့် ၄၈ မှတ်ရထားသည့် YRG အသင်းတို့သာ မျှော်လင့်ချက်ရှိတော့ပြီး လက်ကျန်ပွဲများမှာ အရေးပါလျက် ရှိသလို နှစ်သင်းထိပ်တိုက်တွေ့ဆုံမည့်ပွဲလည်း ပါဝင်နေသဖြင့် ယင်းပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည် ဖြစ်သည်။ နောက်ဆုံးကျင်းပသည့်ပွဲစဉ်တွင် ဖူဆယ်ချစ်သူအသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ကိုးဂိုး-နှစ်ဂိုး၊ Pacific Sun Far အသင်းက JV အသင်းကို သုံးဂိုး-နှစ်ဂိုး၊ YRG အသင်းက FFU မင်းမဟော်အသင်းကို ၁၃ ဂိုး-ဂိုးမရှိ၊ Winner Soccer အသင်းက Royal Noka အသင်းကို ၁၀ ဂိုး-ဂိုးမရှိ၊ MIU အသင်းက Generations အသင်းကို သုံးဂိုး-တစ်ဂိုး၊ YCDC MHDT အသင်းက VUC Ulad အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၂၅ မိနစ် တွင် ခွန်းချိုထူးနှင့် မိနစ် ၄၀ တွင် လမင်းပြည့်စုံက သွင်းယူသည်။ ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒဂုံစတားအသင်းအတွက် ဂိုးများကို ၃၊ ၃၇ မိနစ်တွင် စောအောင်မျိုးမင်းသိန်း၊ မိနစ် ၂၀ တွင် ဖိုးသောကြာ၊ ၇၉ မိနစ်တွင် ဆုမင်းအောင်တို့က သွင်းယူပြီး မဟာယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၂၄ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဇော်မင်းသန့်က သွင်းယူခဲ့သည်။
သော်လေး
ဓာတ်ပုံ-MNL


